ဒါဟာ လက်တန်းကဗျာပေါ့ ။
fb ပေါ်က ကဗျာဆရာတချို့ လက်တန်းကဗျာ ရေးတာကို အားကျပြီး ရေးထားသလို ဒါဟာ
လက်တန်းကဗျာ။ လက်ကို ဆန့်တန်းပြီး ရေးထားသလို လက်တန်းကဗျာ။
လက်တန်းကဗျာဖြစ်တဲ့ အတွက် ကဗျာဟာ စည်းမရှိ ကမ်းမရှိ
သူတစ်ပါးပိုင်နက်ထဲကိုလည်း ဝင်ရောက်ချင် ဝင်ရောက်နိုင်ပါတယ်။ သူတစ်ပါး
ရှာဖွေထားတဲ့ စကားလုံးတွေကိုလည်း သုံးစွဲမိ သုံးစွဲနိုင်ပါတယ်။
ခွင့်လွှတ်ပေးကြပါ။ ဒါဟာ လက်တန်းရေးထားတဲ့ ကဗျာမို့ပါ။ ကဗျာမှာ
အပြစ်မရှိပါဘူး။ အနှစ်နှစ် အလလက ကိုင်ထားတဲ့ ပေတံဟောင်းတွေကို
ဂရုမစိုက်မိပါဘူး။ အဲဒီအတွက် ဘယ်သူ့မှာ အပြစ်ရှိသလဲ ဆိုတာလည်း
မတွေးမိပါဘူး။ လက်တန်းရေးလိုက်ရတဲ့အတွက် ဘာကိုမှ စဉ်းစားချင့်ချိန်နေဖို့
အချိန်မရှိပါဘူး။ ဒါဟာ လက်တန်းကဗျာပါ။ နိုင်ငံရေးအကြောင်းကြားရင်လည်း
နိုင်ငံရေးအကြောင်းတွေကဗျာထဲ ပါလာပါလိမ့်မယ်။ ဘယ်သူ့ကို မကျေနပ်ရင်လည်း
ဘယ်သူ့ကို မကျေနပ်တဲ့အကြောင်းတွေ ထည့်မိပါလိမ့်မယ်။ မှန်တာတွေ မှားတာတွေ
ခွဲခြမ်းစိတ်ဖြာမနေပဲ ရေးချင်သလို ရေးပစ်လိုက်တဲ့ လက်တန်းကဗျာပါ။ လက်တန်း
ချရေးထားတဲ့အတွက် ကဗျာဓါတ်တွေမပါဘူး၊ ဒါဟာကဗျာမဟုတ်ဘူး လို့ ပြောရင်
ပြောလို့ရနိုင်တဲ့ လက်တန်းကဗျာပါ။ Like များများလိုချင်လို့၊ Comment
များများရချင်လို့ အချိန်မီအောင်ရေးသားပြီး အားလုံးကို Tag လိုက်တဲ့
လက်တန်းကဗျာပါ။
မိုးဇက်(သခွတ္တနယ်)
07:04 Pm, Malaysia
02032014
မိုးဇက်(သခွတ္တနယ်)
07:04 Pm, Malaysia
02032014