Saturday, 10 January 2015

ရနံ့ သက်သက်သစ်သီး (၆)


အရင်ကလို မဟုတ်တော့တဲ့ လမ်းတွေ တံတားတွေပေါ်
ဖြတ်မိတဲ့အခိုက်
သူတောင်းစားဟာ အေးအေးလူလူ ငိုက်မြည်းလို့
ငါက ပူပူလောင်လောင် ပြေးလွှားလို့
ရထားဟာ ခေါင်းပေါ်က ဖြတ်ပျံသွား
(မော့ကြည့်မိ)
အချုပ်ကားတွေသာ မရှိရင်
မြင်ကွင်းဟာ သိပ်အသက်ဝင်မှာပဲလို့
တစ်ယောက်တည်း ဘောင်ခတ်ကြည့်မိ
သတိရစရာရှိတဲ့ အရာတချို့ကို သတိရတယ်
သတိရစရာရှိတဲ့ လူတချို့ကို သတိရတယ်
တချို့ကိုတော့ တမင်တကာကို မေ့ပစ်ထားလိုက်ရ
မြို့ထဲမှာ
Sex ဆန်ရေး အဓိကရယ်
ဆက်ဆံရေး အဓိကရယ်
ဆိုင် နှစ်မျိုးနှစ်စား ရှိတယ်
မြို့ထဲမှာ
မြို့သံနီးနီးပေါက်နေတဲ့
တောသားမြို့ရောက်တွေရှိတယ်။
မြို့ထဲမှာ
မချစ်မနှစ်သက်သူတို့နဲ့ ပေါင်းသင်းရသူတွေ
ချစ်ခင်နှစ်သက်သူတို့နဲ့ ကွာဝေးရသူတွေ ရှိတယ်။
မြန်မာ့အထင်ကရ ပုဂ္ဂိုလ် တစ်ဦးနာမည်နဲ့
လမ်းအမည် သတ်သတ်မှတ်မှတ် ရှိတဲ့မြို့ကြီး
မြန်မာတန်း လို့
မြန်မာအသိုင်းအဝိုင်းက ခေါ်တွင်ပညတ်ထားတဲ့အထိ
မြန်မာနိုင်ငံသားတွေ ယစ်မူး ရင်ခုန် ကျက်စား ပျက်စီးရာ
ရပ်ဝန်းတစ်ခုလည်း ရှိတဲ့မြို့ကြီး
Sex လမ်းညွှန်ဆိုင်းဘုတ်ဟာ
မြန်မာဘာသာစကားကို အသုံးပြုရတဲ့အထိ ခေတ်မီတိုးတက်လာတဲ့
မြို့ကြီးပေါ့

မိုးဇက်(သခွတ္တနယ်)
01112014
** မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူမြို့ရှိ - မောသျှမ်း မြန်မာစားသောက်ဆိုင် - တွင် ဝင်ရောက်စားသောက်ရင်း အမှတ်တရ ရေးဖွဲ့ ။ **

ေ ဒ ၚ ေ အ ာ င် ဆ န်း စု ကြ ည်





ဒီအမေလောက် 
လူချစ် လူခင်ပေါပြီး
လူမုန်းများ အဆဲခံရတာ မရှိဘူး။ ။

မိုးဇက် (သခွတ္တနယ်)
12:34AM
12072014

ဒီနေ့ဟာ မွေးနေ့ဖြစ်တယ်


လန့်‌နိုး‌တော့ စားထားတဲ့ နာရီအပုံကြီးကို ‌တွေ့လိုက်‌ရတယ်‌
Screen ‌ပေါ်က တဖျပ်‌ဖျပ်‌အလင်းမှာ
( ငါ့ )
‌ရောက်‌ရှိဆဲ အသက်‌
မှားခဲ့‌သော ‌ကောင်းမှုကုသိုလ်‌တရား
မှန်‌ခဲ့‌သော အကုသိုလ်‌များ
ပြဿနာက
ဘယ်‌က စရမယ်‌ မသိဘူးကစပြီး
ဘယ်‌မှာ အဆုံးသတ်‌ရမယ်‌မသိဘူးမှာ ဆုံးသွားတယ်‌
ရ သမျှ ထားခဲ့ရမှာကို မသိ‌သော
ခုတ်‌‌မောင်းမှုမျိုးနဲ့
ရထား။ ။

* လှိုင်‌ရဲ‌အောင်‌(ပြည်‌) ‌မွေး‌နေ့အတွက်‌ *

မိုးဇက်(သခွတ္တနယ်‌)

သိုက် ဝေး ငှက်


• ၁ •

အတောင်စုံလို့ ပြေးထွက်လာတဲ့ ငှက်တစ်ကောင်တော့ ဘယ်ဟုတ်မလဲ
လိုအပ်လို့
မလိုအပ်တာတွေကို ဖဲ့ ချွေ ခါ ချရင်း
ချစ်ခဲ့သမျှတွေထဲမှာ
ကိုယ့်ကိုယ်ကို အချစ်ဆုံးဆိုတာလည်း မှားယွင်းခဲ့
• ၂ •
အခြေအနေအရပေါ့ကွာ
ကိုယ်ဟာ နိုင်ငံခြား တိုင်းပြည်တစ်ခုမှာ
ခုတ်မောင်းလည်ပတ်နေရတဲ့ စက်ရုပ်တစ်ကောင်ဖြစ်တယ်

အခြေအနေအရပေါ့ကွာ
ချစ်တဲ့ ညီ အစ်ကို မောင် နှမတွေကိုခွဲ
မိသားစုကို ထားခဲ့ရတယ်။

်အခြေအနေအရပေါ့ကွာ
အခြေမဲ့ အနေမဲ့ မျှော်လင့်ချက်တွေကို
ခြစ်ကုပ်သုံးစွဲနေရတယ်။

အခြေအနေအရပေါ့ကွာ
ချေရမယ့် ဝဋ်ကြွေးတွေကို ကျေအောင် ဆပ်နေရတယ်။

်အခြေအနေအရပေါ့ကွာ
ကိုယ်ငတ်မွတ်နေတဲ့ မေတ္တာတရားတွေ
ကိုယ့်ဆီမှာ ပြည့်လျှံနေသလို ဟန်ဆောင်ထားရတယ်။

အခြေအနေအရပေါ့ကွာ
ဒီတစ်နှစ်ကုန် ပြန်မယ်ပြောပြီး
နောက်တစ်နှစ်ကုန်လည်း ဒီစကားပဲ နောက်တစ်ခေါက်ထပ်ပြောရတယ်။

အခြေအနေအရပေါ့ကွာ
ကံကိုလည်း ယုံခဲ့တယ်
ဆူးပုံလည်း နင်းခဲ့တယ်။

• ၃ •

လူ့ဘဝဆိုတာ ခဏလေးလို့ ဘုရားရှင်က ဟောတော်မူတယ်
မကြာပါဘူးကွာ
အိမ်ပြန်ချိန် တွေက ရောက်လာတော့မှာ။ ။

®အဝေးရောက် ကဗျာဆရာမ လွမ်းဝေ အတွက် မွေးနေ့လက်ဆောင်®

မိုးဇက်‌(သခွတ္တနယ်)

11:45 pm
4th April 2014
Malaysia

သုံးယောက်တစ်ခက်


|| သုံးယောက်တစ်ခက် - ၁ ||


သစ္စာ ရှိကြမယ်လို့ သစ္စာ ဆိုပြီး
ငါတို့ ပွင့်ခဲ့ကြတာမှ မဟုတ်ပဲ ပိတောက်

တစ်ယောက်ရင်ကို တစ်ယောက်
အတာရေနဲ့ တံတားဆောက်ချင်တယ်

တစ်နှစ်လုံးစိမ်းခဲ့သမျှ တစ်ကြိမ်တော့ ဝါခွင့်ပြုပါ။ ။


လှိုင်ရဲအောင်(ပြည်)
မိုးတိမ်
မိုဇက်(သခွတ္တနယ်)


-------------------------------------------



|| သုံးယောက်တစ်ခက် - ၂ ||



အဝေးရောက် သက္ကရာဇ်တွေမှာ
မင်းရဲ့ကိုယ်သင်းနံ့ကလေးကိုတောင် ဖမ်းမမိဘူး

လွမ်းတယ် ကွယ်
ဟောဒီ ...
နွေ ရင်ခွင်ကြီးမှာ မင်းမို့ လို့ သစ္စာ ရှိရှိပွင့်ရဲတာပေါ့

ပိတောက်က ညှို့လိုက်တာနဲ့
စိတ်ဟာ တစ်ပင်လုံးညွှတ်တော့တာပဲ။ ။

လှိုင်ရဲအောင်(ပြည်)
ကျော်မိုးလုံးဟိန်း
မိုးဇက်(သခွတ္တနယ်)



---------------------------------------------------


|| သုံးယောက်တစ်ခက် - ၃ ||


ရေတစ်ခွက်နဲ့ပဲ
နွေနှစ်သစ်ကို စတင်လိုက်တယ်။

သစ္စာပွင့်တွေက အဝါရောင်လို့ ပြောရင်
ဥသြငှက်က လှောင်ရယ်မလား....

ဒိုင်ယာရီထဲကပိတောက်ခက်ကလေး
နွမ်းခြောက်နေ
ရင်ထဲမှာတော့ယခုတိုင်လတ်ဆတ်တုန်း။ ။

လှိုင်ရဲအောင်(ပြည်)
လွမ်းဝေ
မိုးဇက်(သခွတ္တနယ်)


** အများကြီးရေးချင်ပေမယ့် (၃ ) ပုဒ်ပဲ ရလိုက်ပါတယ်။
တချို့စာလုံးလေးတွေ ပြင်မိတဲ့အတွက် စိတ်ဆိုးပြီး ဆက်မရေး/မပေးကြတာပဲ ဖြစ်မယ် ထင်ပါတယ်။
ပုဒ်ရေ (၂၀) ကျော်လောက်ရရင် အမှတ်တရ Ebook လုပ်ဖို့စိတ်ကူးယဉ်ထားပေမယ့်
အမှတ်တရ Note အနေနဲ့ပဲ ကျေနပ်လိုက်ရပါတယ်။**



မိုးဇက်(သခွတ္တနယ်)

အဲ့ဒီစကားတစ်ခွန်းကို ကြားပြီးသည့်နောက်


ငါ့နားတွေကန်းသွားတယ်(ထင်လိုက်မိတယ်)၊ ငါ့မျက်စိတွေရောပဲ
ဆိုးတာက အသိစိတ်တစ်ခုလုံး သေသွားတာ၊ အ´သွားတာ
အရာရာဟာ ငါနဲ့ မသက်ဆိုင်တော့တဲ့ သက်ရှိ သက်မဲ့တွေလို
သိမ်ငယ်သွားလိုက်ပုံက ငါ့ကိုယ်ငါ ရှာမတွေ့တော့တဲ့အထိ
အဲ့ဒီစကားတစ်ခွန်းကို ကြားပြီးသည့်နောက်

အတ္တက ဖြားယောင်းလွန်း သွေးဆောင်လွန်းလို့ ဖြစ်ရတာပါဆိုပြီး
အတ္တက အတ္တကို ချေပ ခုခံ ကာကွယ်
အဲ့ဒီစကားတစ်ခွန်းကို ကြားပြီးသည့်နောက်

အလင်းတစ်စထင်ပြီး ညှိကူးဖို့ ကြိုးစားအားထုတ်မိတယ်က စရမှာပဲ
သွေးချင်းတူတယ်ထင်ပြီး အိပ်မက်ချင်းအလဲအလှယ်လုပ်ဖို့
အရူးထမိတယ်က ပြောရမှာပဲ
သစ္စာတရားကို တိုးတိုးလေး အဓိပ္ပါယ် ဖွင့်နေမိ

အဲ့ဒီစကားတစ်ခွန်းကို မကြားမိသေးခင်
ငါဟာ ရယ်မော အေးမြနေခဲ့ကြောင်း ဖျတ်ကနဲမြင်လိုက်ရတယ်

အဲဒီစကားတစ်ခွန်းဟာ ငါ့အသက်ရှည်သလောက်အထိ
ငါ့ကို ဝါးမြိုတော့မယ့် ကင်ဆာဆဲလ်တွေဆိုတာကိုလည်း သိလိုက်ရသေးတယ်
အဲ့ဒီစကားတစ်ခွန်းကို ကြားပြီးသည့်နောက်


မိုးဇက်(သခွတ္တနယ်)

ရည်းစား

ချစ်လို့ တဲ့
အရိပ်တကြည့်ကြည့်
စိုးရိမ်စွာ

ချစ်လို့တဲ့
စိုးရိမ်စွာ
အရိပ်တကြည့်ကြည့်
နွားတစ်ကောင်လို/ကို ကျောင်းနေခဲ့ပေါ့ ။

တကယ်တော့
ဘာမှ မဟုတ်ဘူး ဆိုတာ ဟုတ်တယ်
တကယ်တော့
ဘာမှ မဟုတ်ဘူး ဆိုတာ မဟုတ်ဘူး။ ။


မိုးဇက်(သခွတ္တနယ်)