Wednesday, 16 January 2013
ပြက်လုံး
နှစ်သစ်မှာ
စိတ်သစ် လူသစ်နဲ့ ဘ၀သစ်ကို စမယ်
ငါ့နောက်က ဘယ်သူလိုက်မလဲ
ငါ့ဘေးမှာ ဘယ်သူရပ်မလဲ
ငါ့လမ်းကို ကူညီညွှန်ပြပေးပါအုံး
ကောင်မလေးရယ် ။ ။
မိုးဇက်(သခွတ္တနယ်)
မွေးမြေ သို့ တမ်းချင်း
ဘယ်နေရာ ဘယ်ဒေသနေနေ
ဘယ်အဆင့် ဘယ်အခြေအနေရောက်ရောက်
တွေးမိရုံနဲ့
ရင်ထဲ လွမ်းတသသ မေ့မရတဲ့ရွာကလေး ....
ကလေးတသိုက် ထမင်းထုပ်ကိုယ်စီပိုက်လို့
ပညာသင်ကြားခွင့်ရဖို့အရေး
တစ်ဖက်ရွာနဲ့
ကျောင်းသွားကျောင်းပြန်လုပ်တဲ့ ရွာကလေး ....
နေပူပူ မိုးရွာရွာ
လယ်ထဲ ယာထဲ ထန်းတောထဲ
အမြဲတိုးဝင် ရုန်းကန် လှုပ်ရှား
အများပြည်သူ ရုံးပိတ်ရက်မသိ
စနေ ၊ တနင်္ဂနွေမရှိတဲ့ ရွာကလေး ....
နွေဆို ဖုန်ငွေ့တို့ တထောင်းထောင်းထ
မိုးရာသီလမ်းမ ရွှံ့ဗွက်ထူ
နှင်းတွေ သည်းသည်းဖြူတဲ့ဆောင်းမှာ
ထန်းမြစ်ဖုတ် နဲ့ မီးလှုံတဲ့ရွာကလေး ....
ခုဆို
နှင်းတွေဝေပြီလား ....
အချမ်းပြေ
အကြမ်းရည်သောက်ရင်း
ကောက်ညှင်းပေါင်း နဲ့ ထန်းလျက်ခဲ
မိသားစုစုံညီ နွှဲကြပြီလား ....
မနက်စောစော
ဘွန္တော နိဗ္ဗာန်ဆော်သံ
ဆွမ်းထချက်တဲ့ အမယ်အိုရဲ့ မေတ္တာပို့သံ
ကြက်တွန်သံနဲ့နရီကိုက်
အုန်းမောင်းရိုက်သံများ
မကြားရ ကြာလေပြီ ။ ။
မိုးဇက်(သခွတ္တနယ်)
November 15, 2010
ဇန္န၀ါရီ
နာကျင်စွာနဲ့ပဲ အားလုံးကိုနှုတ်ဆက်ခဲ့ပါတယ်။
အရာအားလုံးကို တစ်ကပြန်စ စနေရတာနဲ့
တစ် တစ်နေတဲ့ဘ၀ကြီးခမြာ စကို မစနိုင်သေးဘူး။
အစမရှိ အဆုံးမရှိအောင်လှလိုက်တဲ့ နှင်းတွေ။
နှင်းတွေကြွေပြီ။
ကြွေပြီးသားမျက်ရည်များဟာ ပါးပြင်မှတဆင့်
မျက်ဝန်းများမှတဆင့်
နှလုံးသားဆီ တဖွဲဖွဲ တသည်းသည်း။
အို လှလိုက်တဲ့ နှင်းတွေ။ နှင်းတွေကြွေပြီ။
မကြားရ မမြင်ရသောသူမရဲ့ ဆုတောင်းစကားသံအစား
နှင်းတွေကြွေလာတယ်။ ဒဏ်ရာက နာလာတယ်။
ဗုံးသံ ကျည်ဆံတွေကြားမှာပဲ နှင်းတွေဖွေးဖွေးလှုပ်ကြွေလာတယ်။
ဒဏ်ရာက အသားနုတက်သလို တစစ်စစ်နာလာတယ်။
ရဟန်းရှင်လူတို့ရဲ့ အခွင့်အရေးချိုးဖောက်ခံရမှုတွေနဲ့ အတူ
နှင်းတွေ သည်းသည်းထန်ထန်ကြွေလာတယ်။
ဒဏ်ရာက ထုံအပြီး ကျင်နေအောင်နာလာတယ်။ နာတယ် ကျင်တယ်။
နာကျင်တဲ့ဒဏ်ရာကို တစိမ့်စိမ့်ခံစားတတ်တဲ့ ကဗျာဆရာဖြစ်နေခြင်းမို့
ပိုပြီး နာတယ် ကျင်တယ်။ နာကျင်တဲ့ဒဏ်ရာက ခုထိနာကျင်နေတုန်းပဲ။
ပျောက်ဆုံးသွားတဲ့ဒဏ်ရာက ခုထိရှင်သန်နေတုန်းပဲ။
ရှင်သန်ခွင့်ရတဲ့ဘ၀မှာ အိပ်မက်တွေက သေသွားပြီ။
ရှင်သန်ခွင့်ရတဲ့ဘ၀က အိပ်မက်တွေလို မျောသွားပြီ။
ထားခဲ့လိုက်ပါပြီ။
အရာအားလုံးကို တစ်ကပြန်စဖို့ နှင်းစက်တွေကိုပဲ
ငြိမ်းချမ်းရေးစကား စဆိုမယ်။
မင်္ဂလာပါခင်ဗျာ....
ဒဏ်ရာတွေနဲ့ပဲ ကြိုဆိုလိုက်ပါတယ်။ ။
မိုးဇက်(သခွတ္တနယ်)
အရာအားလုံးကို တစ်ကပြန်စ စနေရတာနဲ့
တစ် တစ်နေတဲ့ဘ၀ကြီးခမြာ စကို မစနိုင်သေးဘူး။
အစမရှိ အဆုံးမရှိအောင်လှလိုက်တဲ့ နှင်းတွေ။
နှင်းတွေကြွေပြီ။
ကြွေပြီးသားမျက်ရည်များဟာ ပါးပြင်မှတဆင့်
မျက်ဝန်းများမှတဆင့်
နှလုံးသားဆီ တဖွဲဖွဲ တသည်းသည်း။
အို လှလိုက်တဲ့ နှင်းတွေ။ နှင်းတွေကြွေပြီ။
မကြားရ မမြင်ရသောသူမရဲ့ ဆုတောင်းစကားသံအစား
နှင်းတွေကြွေလာတယ်။ ဒဏ်ရာက နာလာတယ်။
ဗုံးသံ ကျည်ဆံတွေကြားမှာပဲ နှင်းတွေဖွေးဖွေးလှုပ်ကြွေလာတယ်။
ဒဏ်ရာက အသားနုတက်သလို တစစ်စစ်နာလာတယ်။
ရဟန်းရှင်လူတို့ရဲ့ အခွင့်အရေးချိုးဖောက်ခံရမှုတွေနဲ
နှင်းတွေ သည်းသည်းထန်ထန်ကြွေလာတယ်။
ဒဏ်ရာက ထုံအပြီး ကျင်နေအောင်နာလာတယ်။ နာတယ် ကျင်တယ်။
နာကျင်တဲ့ဒဏ်ရာကို တစိမ့်စိမ့်ခံစားတတ်တဲ့ ကဗျာဆရာဖြစ်နေခြင်းမို့
ပိုပြီး နာတယ် ကျင်တယ်။ နာကျင်တဲ့ဒဏ်ရာက ခုထိနာကျင်နေတုန်းပဲ။
ပျောက်ဆုံးသွားတဲ့ဒဏ်ရာက ခုထိရှင်သန်နေတုန်းပဲ။
ရှင်သန်ခွင့်ရတဲ့ဘ၀မှာ အိပ်မက်တွေက သေသွားပြီ။
ရှင်သန်ခွင့်ရတဲ့ဘ၀က အိပ်မက်တွေလို မျောသွားပြီ။
ထားခဲ့လိုက်ပါပြီ။
အရာအားလုံးကို တစ်ကပြန်စဖို့ နှင်းစက်တွေကိုပဲ
ငြိမ်းချမ်းရေးစကား စဆိုမယ်။
မင်္ဂလာပါခင်ဗျာ....
ဒဏ်ရာတွေနဲ့ပဲ ကြိုဆိုလိုက်ပါတယ်။ ။
မိုးဇက်(သခွတ္တနယ်)
ခေတ္တ - မလေးရှား
တစ်ခုခုကို ၀ါးမြိုဖို့ချောင်းနေတဲ့ မြွေတွေ
ခြေချင်းလိမ်နေတာကိုသာ တွေ့ရပေလိမ့်
ခင်ဗျားသာ မြွေတစ်ကောင်ဖြစ်မယ်ဆိုရင်ပေါ့။
အတုစစ်စစ် အတုပညာရှင်တွေ တောက်ပလိုက်ပုံများ။
မုသာဝါဒ က ညီရင်းအစ်ကိုလို။
အဝေးရောက် သားဆိုးများကိုတွေ့တဲ့အခါ
ခေါင်းခါ ၊ မျက်နှာလွှဲလိုက်တယ်။
အဝေးရောက် သားလိမ္မာများကိုတွေ့တဲ့အခါ
ရှက်ရွံ့ ၊ ခေါင်းငုံ့ထားလိုက်တယ်။
မိတ်ဆွေတချို့ဟာ
နံကြားကို ထိုးစိုက်လာမယ့် ဓါးတွေလို့
ထင်မထားမိဘူး။ ။

Subscribe to:
Posts (Atom)